ရည်းစားမထားခင် မဖြစ်မနေဖတ်သင့်တဲ့စာလေးပါ

အပြာစာလို့ ထင်မိတဲ့အခါ ဆုံးအောင်
ဖတ်ပေးပါ။

ကျနော့်နာမည် လင်းအောင်။
အသက်က ၁၈ပြည့်ခါနီး…

ဆယ်တန်းနှစ်ကတည်းက တစ်ဖတ်သက်ချစ်နေရသောကောင်မလေးတစ်ယောက်ရှိသည်။
အခုတက္ကသိုလ်တက်တော့လည်း
မေဂျာတစ်ခုတည်း။ဆယ်တန်းနှစ်တုန်းကတော့ ဖွင့်ပြောဖို့ သတ္တိမရှိခဲ့တာမို့ ကျနော်ချစ်နေကြောင်း သူသိပုံမရ။ဒါပေမယ် ကြားဖူးနားဝ စကားအရ မိန်းကလေးများသည် ကိုယ့်ကို
ဘယ်သူက စိတ်ဝင်စားနေကြောင်း
ရိပ်မိသည်တဲ့။

တက္ကသိုလ်ကျောင်းသားဖြစ်ပြီမို့ သတ္တိတော့ နည်းနည်းပိုရှိလာသည်။လူကိုယ်တိုင် စကားလိုက်မပြောရဲသည့်တိုင် သူ့ကိုစိုက်ကြည့်ရဲလာပြီ။
ဒါသည်ပင် တိုးတက်မှုတစ်ခုမဟုတ်လား။

ကျနော်ချစ်နေရတဲ့ကောင်မလေးနာမည်က မို့မို့တဲ့။ဘယ်လောက်လှတဲ့ နာမည်လဲ။
နာမည်နဲ့လိုက်အောင် ကိုယ်ခန္ဓာက မို့မောက်
ကျော့ရှင်းသည်။သူငယ်ချင်းတွေကတော့
"ရုပ်ကအချောကြီးမဟုတ်ပါဘူးကွာ။ရွက်ကြမ်းရေကြိုပါ”လို့ဆိုကြပေမယ့် ကျနော့်အတွက်တော့ ဧကရီထိပ်ထားပဲ။

"မြတ်နိုးခြင်းသက်သက်မှာ
မျှော်လင့်ချက်မလိုဘူး...
ဒီဘဝဦးမှာ...
ငါချစ်ဖူးခဲ့ပြီ...”

Onlineမှာ ဘဲကြီးတစ်ပွေရေးထားတဲ့ကဗျာ
တစ်ပုဒ်က ကျနော်နဲ့ကွက်တိပဲ။
ကဗျာလေး feelလိုက်။သူ့အကြောင်းတွေးလိုက်နဲ့ နေ့ရက်တွေက အဓိပ္ပါယ်ရှိလွန်းလှသည်။

"မို့မို့ …”

"အေး လင်းအောင်… ပြော”

ကျနော်ခေါ်သည်ကို ဖုန်းကြည့်နေရင်း
လှည့်ထူးသည်။
"ငါနဲ့ တစ်ခုခုလိုက်စားပါလား”

"ငါစားပြီးပြီဟ”

"မဟုတ်ဘူး… ငါပြောစရာရှိလို့”

အထက်တန်းကတည်းက မျက်မှန်းတန်းမိထားသူမို့ သူကျနော့်အပေါ် ထင်သလောက်တော့ မစိမ်းကားပါ။မအားဘူးဟု ငြင်းလိုက်သော်လည်း အားနာယဉ်ကျေးစွာ။
ဒါကျနော့်ရဲ့ ပထမဆုံးကြိုးပမ်းမှုပါပဲ။

နောက်တစ်ကြိမ်ကြိုးပမ်းမှုကတော့
နောက်ထပ်မရှိနိုင်တော့။
သူရည်းစားရသွားပြီ။သူ မရည်ရွယ်လည်း
ကျနော့်အသည်းကို ဟက်တက်ခွဲသည်။
"သူ့ကိုပိုင်ဆိုင်ခွင့်ရရင်”ဆိုတဲ့ခေါင်းစဉ်နဲ့
ညနဲ့မဆံ့အောင်မက်ခဲ့တဲ့ အိမ်မက်တွေကို
သူပြက်ရယ်ပြုသွားခဲ့သည်။

ဒါသည်ပင် ကျနော်အရက်စသောက်တတ်ဖို့ ပထမဆုံးအကြောင်းပြချက်ဖြစ်ခဲ့သည်။

"မို့မို့လေးတော့ သေပါပြီကွာ…
သူပြန်ကြိုက်လိုက်တဲ့ final yearကဘဲကြီးက ငကြိတ်ကြီးကွ။အဲ့ဘဲကြီး
ဖြုတ်ထားတဲ့ဆော်တွေ
နည်းတာမဟုတ်ဘူး။”

အလိုက်မသိသူတို့ကြား နေရခြင်းဟာ
ငရဲများလား။မို့မို့အတွက် ထိခိုက်ခံစားရသူရှေ့မှာ သတ်သေပစ်ချင်စရာ စကားတွေ လာပြောနေကြသည်။
ပုံမှန်စနောက်နေကျဖြစ်တဲ့
"အဲ့လိုမပြောနဲ့။ဒီပျက်ရှင်ရှိတယ်”လို့
ကျနော်တုံ့ပြန် မစနောက်နိုင်ခဲ့။
ကျနော့်ရဲ့ ကြေကွဲနာကျင်မှုကို
ကျနော်တစ်ယောက်ပဲသိတယ်။

မေ့ပစ်ဖို့ကြိုးစားခြင်းဟာ ကိုယ့်အရေခွံကို
ဆွဲခွာနေရသလိုပါပဲ။
နာကျင်ကြောက်ရွံ့စေတယ်။

"မင်းကွာ… မင်းကြည့်ရတာ သနားစရာမကောင်းဘဲ ရယ်စရာကောင်းနေတယ်။
ဒီတက္ကသိုလ်မှာ မို့မို့ထက်လှတဲ့ဆော်တွေ
ရိုက်သတ်လို့တောင်မကုန်ဘူး။
နောက်တစ်ပွေပေါ့ကွာ။မင်းဘာဖြစ်နေတာလဲ။အဲ့ဒါမင်း လက်နှေးလို့ ခွက်ဆေးရတာ။
နောက်တစ်ယောက်တွေ့ရင်တော့
ခပ်သွက်သွက်သာလှုပ်ရှားတော့။”

ဝေဒနာကို တစ်လလောက်ခံစားအပြီးမှာ
ကျနော်ပုံမှန်ပြန်ဖြစ်လာသည်။
နှစ်ပတ်တစ်ခါလောက်
အရက်သောက်ဖြစ်လာသည်။
စီးကရက်ကတော့
ပုံမှန်ခဲဖြစ်သည်။

"ဟေ့ကောင် လင်းအောင်… နွေဦးကို လိုက်ပါလား။အဲ့ဆော်လေးမိုက်တယ်။”

ကျနော်လည်း နွေဦးကို စိတ်ဝင်စားမိပါသည်။
အရပ်က ငါးပေမပြည့်တပြည့်။အသားကတော့ ဖြူသည့်အထဲပါသည်။ချစ်စရာကောင်းသည့် ပုံစံမျိုး။ကျနော်တို့ ဘော်ဒါအုပ်စုထဲက အသက်အကြီးဆုံး ကိုအောင်မိုးပြောသလိုဆို
"Sexyမဟုတ်တဲ့ cute girlလေးပေါ့”

ကျနော်ရဲ့ ဒုတိယခြေလှမ်းကတော့ တော်တော်ကို ချောမွေ့လွန်းသည်။
သစ်သီးစိမ်းတစ်လုံးက တစ်ပတ်အတွင်းမှာ
ရင့်မှည့်ကြွေကျလာသလိုမျိုးပေါ့။

ပထမဆုံးအနမ်းဟာ ချိုမြိန်လွန်းလှသည်။
သူ့လက်ကလေးက နွေးထွေးနူးညံ့သည်။
သူ့ပါးလေးက သိမ်မွေ့မွှေးပျံ့သည်။

အရိုးသားဆုံးဝန်ခံရလျှင် သူ့နှုတ်ခမ်းလေးကို အနမ်းတွေခြွေချင်သည်။အခြေအနေကမပေး။
ဒါဟာ ရမ္မက်ရဲ့တောင့်တခြင်းမျိုးဆိုတာတော့ ကျနော်သိသည်။သူ့ကိုတော့ အချစ်ပါလို့
ကျနော်ညာမည်။

"မင်းကလည်းကွာ… ရုပ်ရှင်ရုံခေါ်သွားပေါ့။
အဲ့ဒိလောက် "အ”ရလား။ဆော်လေးအခြေအနေကိုကြည့်။သူသိပ်feelတက်လာပြီဆိုရင် အခန်းတစ်ခန်းထဲ "မ”သွားတော့ဟေ့”
ကိုအောင်မိုးက မြှောက်ပေးနေသည်။
ရရင်တော့ စားချင်မိတာ ယောကျာ်းတို့ရဲ့
ဓမ္မတာပဲလား။

"ကျနော့်မှာ တည်းခိုခန်းသွားဖို့ ပိုက်ဆံမရှိဘူးဗျ”

"လင်းအောင်ရာ… မင်းက ဒူတယ်ပြောလည်း မကြိုက်ချင်ဘူး။kissingတောင် မဆွဲဖူးသေးဘဲ တည်းခိုခန်းမဖို့ ချောင်းနေပြီ။
မုန့်ဆီကြော်က ဘယ်ဆီနေမှန်းမသိသေးဘူး။
ကိုအောင်မိုး ကြပ်တိုင်းလျှောက်လုပ်မနေနဲ့။”

ဘာပဲပြောပြော ရုပ်ရှင်ရုံခေါ်သွားဖို့၊လျှောက်လည်ဖို့ဆိုတာလည်း ငွေတစ်သောင်းခွဲလောက် လိုသည်မဟုတ်လား။
အိမ်ကနေ ဖန်ငွေတောင်းမှရမည်။

မရှိမရှားမိဘတွေမို့ ငွေတစ်သောင်းခွဲလောက်ကို ခပ်လွယ်လွယ်ပဲ တောင်းနိုင်ခဲ့သည်။
ရုပ်ရှင်ရုံအဝမှာ ရပ်နေရင်း နွေဦးရဲ့နှုတ်ခမ်းကို ကြည့်ကာ ကျနော်ရင်တွေခုန်နေမိသည်။
သူလည်း ရင်ခုန်ကြောက်လန့်နေပုံရသည်။
ဒါနှစ်ယောက်စလုံးရဲ့ ပထမဆုံးမဟုတ်လား။

ရုပ်ရှင်မပြသေးချိန်မှာ
ဝယ်ထားသောနေကြာစေ့ကို ကိုယ်စီစားရင်း
တိတ်ဆိတ်နေမိသည်။
သားကောင်၏အလစ်အငိုက်ကို စောင့်ဆိုင်းနေသော မုဆိုးလိုမျိုး မီးမှောင်ကျမည့်အချိန်ကို ငံ့လင့်နေမိသည်။စုံတွဲခုံမို့လို့လည်း အားလုံးရဲ့ နောက်ဆုံးမှာ လုံခြုံစွာနဲ့။

ရုပ်ရှင်စပြသည်နှင့် လူအားလုံးတိတ်ဆိတ်သွားကြသည်။ကျနော်က သူ့ခေါင်းလေးကို လှမ်းဆွဲလိုက်ရင်း ကျနော့်ပုခုံးကို
မှီထားစေသည်။သူ့လက်ဖဝါးနုနုကို ဆုပ်ကိုင်ထားချိန်မှာ ကျနော်သိလိုက်သည်။
သူမရင်ခုန်နေပြီ။air con ကြောင့်
အအေးဒဏ်ပိနေချိန်မှာတောင်
သူ့လက်ဖဝါးလေးက
ချွေးစို့နေသည်။

"နွေ… ”
သူ့ကို ပါးလေးကို ကိုင်ကာ ကျနော့်ဘက်လှည့်လိုက်ရင်း တိုးတိုးလေးခေါ်လိုက်သည်။

"ရှင်… ကိုလင်း”

"ကိုယ့်ကိုချစ်လား”

"ချစ်တယ်”

နှစ်ဦးစလုံးရဲ့အသံဟာ တုန်ရီလှိုက်မောနေကြသည်။သူ့နှုတ်ခမ်းလေးတွေ တဆက်ဆက်တုန်နေသည်။ကျနော့်ရင်တွေလည်း
တလှပ်လှပ်ခုန်နေသည်။
သူ့ရဲ့ နှင်းဆီဖူးငုံနှုတ်ခမ်းလွှာလေးကို မနမ်းရဲသေးလို့ ပါးလေးကို ဖြတ်ကနဲ နမ်းလိုက်တဲ့အခါ သူမရဲ့ပါးပြင်မှာ ရှက်ရွံ့ကြည်နူးမှုလေးတွေ
ဖူးပွင့်လာတယ်။

မေးစေ့လေးကို ပင့်ယူလိုက်ရင်း နှုတ်ခမ်းလွှာလေးကို တရှိုက်မက်မက် နမ်းတဲ့အခါ သူမရဲ့
လက်အစုံဟာ ကျနော့်ပုခုံးကို စောင့်တည်ရာမဲ့ ဆုပ်ကိုင်ထားသည်။ကျနော့်လက်ဟာ ခါးလေးကို ဖက်ထားရင်းက သူမရဲ့ တင်ပါးအိအိလေးကို ဆုပ်ကိုင်ထားသည်။သူမကလည်းမရုန်း။အတွေ့မှာ မျောနေရှာသည်။ကျနော်သိလိုက်သည်က တစ်စုံတစ်ခုကို
အပြင်းအထန်ဆာလောင်လာသည်
ဆိုတာပါပဲ။ဒီအချိန်မှာတော့ တောင်းဖို့
ကျနော်မရဲသေး။တစ်နေ့နေ့တော့
ဖြစ်၍လာလိမ့်မည်ပေါ့။
ရုပ်ရှင်ချိန် ၁နာခွဲလုံးလုံး နှစ်ဦးသား
ချစ်ရည်လူးနေခဲ့ကြသည်။
မြန်မာကားဆိုသည်ကလွဲရင်
ဘာကားဆိုတာပင် မသိခဲ့၊မကြည့်ခဲ့။

"အံမယ်… အောင်မြင်လာတယ်ဆိုပါတော့။”

ဌေးမောင်ရဲ့ အမေးကို ပြန်မဖြေဘဲ
တင်တင်စီးစီးပြုံးပြလိုက်သည်။

"ဆော်လေးအခြေအနေက ဘယ်လိုလဲကွ။”

"ပြန်နမ်းတယ်ကွ”

ကိုအောင်မိုးက
"ဒါဆိုရင်တော့ အခြေအနေကောင်းတယ်ငါ့ကောင်ရ။ဆော်အများစုက စစချင်း
kissingဆွဲရင် ပြန်နမ်းလေ့မရှိဘူး။
ဆော်လေးက ထန်မယ့်ပုံပဲ။
ဆွဲစားပစ်စမ်းကွာ။”

"ကိုအောင်မိုးနော်…
လျှောက်မြှောက်ပေးမနေနဲ့။
ဒီကောင်က ဘာအတွေ့အကြုံမှ
ရှိတာမဟုတ်ဘူး။
တက်ထွက်ဖြစ်နေမှ ဟိုက စိတ်ပျက်နေဦးမယ်။နည်းနည်းပါးပါး လေ့ကျင့်ခိုင်းလိုက်ဦး။”

ဌေးမောင်ကပြောတော့ ကိုအောင်မိုးက
"အေး… လင်းအောင် မင်းဆော်ကြိတ်ဖူးလား”

"အာ… လူပျိုစစ်စစ်ဗျ”

စကားနည်းသော မင်းသူက
"ကိုအောင်မိုးရယ်… ဒီကိစ္စမျိုးဆိုတာ
မြှောက်ပေးသင့်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။
လင်းအောင် သူငယ်ချင်း …
မင်းတွေ့ကြုံခဲ့တာကို သိပ်ထူးဆန်းအရသာရှိတယ်ထင်မနေနဲ့။မင်းတစ်လလောက်နေရင် ရိုးသွားမယ့်ကိစ္စ။အခုမင်းkissing ဆွဲလာတယ်။feelတက်လာတယ်။မင်းရရင် စားချင်လိမ့်မယ်။မင်းလည်း hand play(အာသာဖြေ)မလုပ်ဖူးတာမဟုတ်ဘူး။ပြီးရင်စိတ်ကျသွားမယ်။
မတပ်မက်တော့ဘူး။မင်းဖြစ်ပြီးမှသိမှာ။
အဲ့ဒိချိန်ကျရင် မင်းပြင်မရတော့ဘူး။”

"ဟေ့ကောင် မင်းသူ… ဘာတရားတွေလာ ဟောနေတာလဲ… ဒီခေတ်ကြီးထဲ သူသူကိုယ်ကိုယ် ရရင်စားနေတာပဲ။”

"ကိုအောင်မိုး… လင်းအောင်ရော…ေ
နွဦးရောက ၁၈နှစ်ကျော်ရုံလေးတွေ။
ကိုယ်ဝန်ရတာမျိုးဖြစ်ခဲ့ရင် နှစ်ယောက်စလုံး တာဝန်ယူနိုင်စွမ်းရှိတဲ့အရွယ်မဟုတ်ဘူး။
မိဘတွေကလည်း ငြိုငြင်မှာ။
၁၅မိနစ်စာ အပျော်အတွက်
မတန်ဘူးကိုအောင်မိုး”

"ဟာ… မင်းသူ… မင်းက အာရုံကောင်ပဲကွ။
ဒါဖြစ်တိုင်းကိုယ်ဝန်ရတယ်လို့ မင်းကို
ဘယ်သူပြောလဲ။ကွိုင်စွပ်ချပေါ့ကွာ။”

"ကိုယ်ဝန်ရတာတစ်ခုတည်းကို ပြသနာလို့
ပြောတာမဟုတ်ဘူး။မရသင့်သေးတဲ့အခွင့်အရေးကို မယူသင့်သေးတဲ့အချိန်မှာ အကုန်ကမောက်ကမဖြစ်ကုန်မယ်။ဟာမိုနီပျက်သွားလိမ့်မယ်။”

"မင်းသူ… မင်းသူ… မင်းကစာတွေဖတ်ပြီး စာကြောင် ကြောင်နေပြီ။”

မင်းသူက ကိုအောင်မိုးကို ဘာမှဆက်မပြောတော့ဘဲ ကျနော့်ဘက်လှည့်၍
"လင်းအောင်… မင်းကိုငါ ပြီးမှ
သေချာပြောပြမယ်။”

မင်းသူအကြောင်းတော့ မိတ်ဆက်ပေးရဦးမည်။မင်းသူက တော်တော်ဖတ်သည်။ကျနော့်ကိုလည်း စာဖတ်ဖို့ တိုက်တွန်းတတ်သည်။
ကျနော်တို့လူငယ်စကားဝိုင်းတွေမှာ ဦးဆောင် ဟောပြောသူ၊ဦးဆောင် ဆွေးနွေးသူဟာ
မင်းသူဖြစ်ပေမယ့်
အလ္လာပသလ္လာပစကားပြောချိန်မှာတော့
ဒီကောင်နှုတ်နည်းသည်။
စာသမားဆိုလို့ ကုပ်ချောင်း
ကုပ်ချောင်းမဟုတ်။ထောင်ထောင်မောင်းမောင်း သန်သန်မာမာပင်။ဘောလုံးကန်ကောင်းသည်။

အခုတော့ ဒီကောင်ကျနော့်ကို နားချဆုံးမဖို့
ကြိုးစားချင်နေသည်။
တကယ်တော့ ကျနော်က ကိုအောင်မိုးကို အားကျသူပါ။သူအာပေါင်အားရင်းသန်သန်ဖြင့် မြွက်ကြားသော ချစ်ရည်လူးခန်းများကို သွားရည်တမြားမြားဖြင့်နားထောင်နေကျ။
ဆော်လေးပွေလောက်ထားဖူးသည်။
ထားသမျှဆော်တိုင်းနဲ့လည်း အိပ်ဖူးသည်။
ဘယ်ဆော်ကဘယ်လို ကိတ်ကြောင်း၊
ဘယ်ဆော်က ဘယ်လိုထန်ကြောင်း
ပြောပြသည်။ကြာဆေး၊ဆော်feelဆေးအကြောင်းများလည်း ရှင်းပြသည်။ဒိလို ကိစ္စမျိုးမှာ တကယ့်ဆရာတစ်ဆူ။ကျနော့်ရဲ့ Hero။
ဒီဘဲကြီး ပြောသမျှ တစ်တစ်ခွခွစကားတိုင်းက ကျနော့်ကို ဆရာ မတင် တင်ချင်အောင် သိမ်းသွင်းနေသကဲ့သို့။
ဒီတော့လည်း စာဖတ်သမားပေါက်စ မင်းသူရဲ့ ဖြောင့်ဖြစကားများက ကျနော့်နားသို့ မဝင်ခဲ့။

ဒီလိုနဲ့ ရုပ်ရှင်ရုံကို သုံးကြိမ်မြောက်သွားအပြီး သူ့တစ်ကိုယ်လုံးမှာ ကျနော့်လက်ချောင်းတွေ မရောက်သည့်နေရာမရှိတော့။သူအရမ်း feelတက်နေချိန်မှာ သူ့နား နားသို့ တိုးတိုးလေးကပ်၍ ဖြစ်ချင်သည့်ဆန္ဒကို
တစ်တစ်ခခွကြီးဒဲ့ပြောခြင်းဟာ ပို၍ စွဲဆောင်မှု ရှိစေလားမသိ။ပြောရတာလည်း
အလွန်အရသာရှိသည်။
သူမကို လည်း ရင်ခုန်စေမည်ထင်ပါသည်။
ဒါကိုအောင်မိုး သင်ပေးသည့်ပညာတွေ။

"မရသင့်သေးတဲ့အခွင့်အရေးကို မယူနဲ့ဦး”ဆိုတဲ့ မင်းသူရဲ့ သတိပေးစကားကို ကျနော် နားလည်းမဝင်သလို နားလည်းမလည်ပါ။

ပျော်ရွှင်မှုရဲ့ နောက်ဆက်တွဲရလဒ်ဟာ ဘယ်လိုဆိုးကျိုးတွေရှိကြောင်းကို မင်းသူက
တတ်သလောက်မှတ်သလောက်ရှင်းပြသည်။
ကျနော်ကတော့လက်မခံ။

ပထမဆုံးအကြိမ်အဖြစ် တည်းခိုခန်းဆီသို့
နွေဦးပါလာအောင် စည်းရုံးနိုင်ခဲ့သည်။

ကိုအောင်မိုးပြောဖူးတဲ့စကားက
"ဒီအရွယ်တွေက ဖလန်းဖလန်းလေးတွေကွ။
ရှေ့နောက် သိပ်ကြည့်တတ်တာ မဟုတ်ဘူး။
ဘယ်လောက်ချစ်ကြောင်း၊သူ့အလှကို ဘယ်လောက်တပ်မက်ကြောင်းကိုသာ
feelတက်နေချိန်မှာ
ပြောပစ်လိုက်။ခေါင်းမငြိမ့်ရင်ကြိုက်တာပြော။

မင်းသူရဲ့ အာဘော်ကတော့
"ဒီအရွယ်မိန်းကလေးတွေက ဆင်ခြင်တုံတရားအားနည်းတယ်။ဆန္ဒနဲ့ ဉာဏ်ပညာကို
နှိုင်းယှဉ်တဲ့အခါ ဆန္ဒကအားကောင်းပြီး
ဉာဏ်ပညာအားနည်းသူတိုင်းဟာ
ခဏတာသာယာမယ့်လမ်းကို
ရွေးတတ်ကြတယ်။ဒိအချိန်မှာ မင်းစည်းရုံးတာကို နွေဦးလက်ခံခဲ့ရင်လည်း အဲ့ဒိသူ့ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး။သူ့ရမ္မက်ရဲ့
လိုက်လျောချက်ပဲ။
ခေတ်စကားနဲ့ပြောရင် ဒါမိန်းမတစ်ယောက်ရဲ့ သွေးသားသဘာဝကို အသုံးချပြီး
မင်းဂျင်းထည့်လိုက်တာပဲ။
မရသင့်သေးတဲ့အခွင့်အရေးကို
မယူဖို့ငါတားမယ်။
မင်းရောသူရော ဒီစည်းကိုကျော်ဖြစ်ပြီဆိုရင်တော့ ဘယ်ရလဒ်ပဲ ရလာရလာ ရင်ဆိုင်ရဲဖို့သာ
ပြင်ထားတော့။”

ကိုအောင်မိုးရဲ့စကားတွေက ကျနော့် ဆန္ဒကို အထောက်အပံ့ပြုသလောက် မင်းသူရဲ့
စကားတွေကို ကျနော့်လျှောက်လမ်းမှာ
တကယ့်အနှောက်အယှက်။
မင်းသူက စေတနာနဲ့ပြောသည်ဆိုသော်လည်း အဲ့ဒိစေတနာက ကျနော်နဲ့ အသုံးမတည့်ပေ။

သူသဘောတူလို့ လိုက်လာခဲ့သော်လည်း တည်းခိုခန်းရှေ့ရောက်တော့ သူ့ခြေလှမ်းတွေ
တွန့်ဆုတ်နေသည်။ဟုတ်ပါတယ်လေ။
ဒီကိစ္စအတွက် လာကြမှန်း အားလုံးက ရိပ်မိနေကြမှာပဲ။တည်းခိုခန်းအတွက် အခန်းယူတော့ reception မှာ မျက်နှာတော်တော်ပူရသည်။
တည်းခိုခန်းအတွင်းမှာလည်း ကျနော်တို့လို စုံတွဲတွေကို မြင်ခဲ့သေးသည်။
အခက်အခဲတွေကို ကျော်ဖြတ်ပြီးနောက်
ဆိတ်ကွယ်ရာအရပ်က လုံခြုံနွေးထွေးတဲ့အခန်းလေးမှာ သူရယ် ကျနော်ရယ် နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ရတော့မည်။

မုဆိုးလက်တွင်းသို့ လိုလိုချင်ချင်နှင့်
ကျရောက်လာသော သားကောင်လေးလို
သူ့အမူအရာလေးက ကျိုးနွံထိတ်လန့်နေရှာသည်။ကျနော်ပြုသမျှ နုတော့မည့်ဟန်မျိုးနဲ့။
တကယ်တော့ ကျနော်လည်း ရှက်ရွံ့ ရင်ခုန်နေမိသည်။သို့သော် ဒီတိုက်ပွဲက ကျနော်ဦးဆောင်မှ အောင်မြင်မယ့်တိုက်ပွဲ။ဒါကြောင့်လည်း ကျနော်ရဲမည်။

"ဘာမှတွေးမနေနဲ့ငါ့ကောင်။kissingသာ ပိတ်ဆွဲပစ်။နောက်ဆက်တွဲက သူ့ဟာသူ အဆင်ပြေသွားလိမ့်မယ်။”
ကိုအောင်မိုးရဲ့ အကြံပြုစကားကို
နားထဲကြားယောင်လာသည်။

"အဝင်တော့ သိပ်မစောနဲ့။စိတ်တော့နည်းနည်းရှည်ကွ။သိပ်လည်း heatတက်မနေနဲ့။
အစပိုင်းမှာ သူ့ကို မင်းပေါင်ပေါ်ထိုင်ခိုင်းပြီး
နည်းနည်းလောက် တော်ကီပစ်ကွာ။
ပြီးမှ သူနှုတ်ခမ်းလေးနမ်း၊သူရင်ဘက်လေးကို နယ်ပြီး တစ်လွှာချင်းချွတ်ပေတော့”

ရှောရှောရှူရှူ မဟုတ်သည့်တိုင် ကျနော့်ရဲ့ မြေသိမ်းတိုက်ပွဲအောင်မြင်ခဲ့သည်။ဒါပေမယ့် ကိစ္စပြီးမြောက်ပြီး ခဏမှာ ကျနော့်စိတ်တွေ လေးလံလာသည်။ကျေနပ်အားရမှုထက် ကြောက်ရွံ့ တုန်လှုပ်မှုကပိုခဲ့သည်။ကျနော့်ဘေးနားက အမျိုးသမီးကိုလည်း သိပ်လိုချင်တပ်မက်စိတ်
မဖြစ်တော့။

သူ့လက်လေးကိုင်ရတာလည်း
မနူးညံ့တော့သလို သူ့ပါးပြင်ကလည်း
ချွေးတွေစို့နေတာမို့ နမ်းလို့မကောင်းတော့။

တစ်ခုခုရရှိတာမျိုး မဟုတ်ဘဲ တစ်ခုခုဆုံးရှုံးရ သလို ကျနော် နောင်တရမိသည်။
သူကတော့ ကျနော်ပေးတဲ့ အထိအတွေ့ကြောင့် ကျနော့်အပေါ်ပိုတွယ်တာသွားသည်ထင်၏။
ကျနော့်ကို လိုလိုချင်ချင်ဖက်ထားသည်။
သို့သော် ရှက်ရွံ့ နေဟန်ဖြင့် ရင်ခွင်ထဲ
ခေါင်းကိုဖွက်ထားသည်။
လိင်စိတ်ကင်းမဲ့နေချိန်မို့ သူ့ရဲ့ အပွေ့အဖက်၊
သူ့ရဲ့ အချွဲအနွဲ့ကို ကျနော် မသာယာမိ။

ကျနော်ဆေးလိပ်ကို ပြင်းပြင်းပြပြ သောက်ချင်လာတာမို့ ဆေးလိပ်ကို မီးညှိဖွာရှုက်ရင်း
ခေါင်းကာ တွေးတောနေမိသည်။
ငါခြွေမိတဲ့ပန်းဟာ ထင်သလောက်မမွှေးပါလား။မရခင်အချိန်ကတော့ အလွန်အမင်း ကောင်းမွန်မယ့်အရသာလို့ ထင်ခဲ့မိသမျှဟာ အခုများတော့ ခဲလေသမျှ သဲရေကျဖြစ်ရပြီ။
တကယ်တော့ ကိစ္စပြီးဆုံးလို့ လိင်စိတ်ခန်းနေချိန်မှာ ရှေ့ရေးကို စမ်းတဝါးဝါးဖြတ်သန်းနေရတဲ့ လူငယ်တစ်ယောက်မို့ ဒီလိုနောင်တမျိုးရတေတာ။နောက်တစ်ကြိမ် လိင်စိတ်ပြန်ဖြစ်လာရင် ထပ်တောင့်တလာမယ်မှန်းကျနော်ကြိုသိမထားပါ။

ဒါပေမယ့် ကိုအောင်မိုးမှာလိုက်သည်ကို
ပြန်အမှတ်ရမိသည်။
"မင်းကိစ္စပြီးသွားရင် မင်းရင်ခွင်ထဲက ဆော်ကို မလိုချင်သလိုလိုဖြစ်လာလိမ့်မယ်။ခဏသည်းခံပြီး နှစ်သိမ့်အနမ်းတွေခြွေပေး။စိတ်ဓာတ်ကျသလိုကြီးလုပ်မပြနဲ့။မင်းကောင်မလေး ငြိုငြင်သွားလိမ့်မယ်။တစ်လုပ်စားပြီးရင် နောက်တစ်လုပ်အတွက်ပါ ကြိုတွေးထား။”

ဒါကြောင့်မို့ စိတ်မပါသော်လည်း နွေဦးကို ပွေ့ဖက်ထားလိုက်သည်။သိပ်မကြာခင်မှာ
လိင်စိတ်တွေပြန်နိုးထလာမှာ
ကျနော်သိနှင့်နေသည်။

"နွေ… ”

"ရှင်”

"နွေက အရမ်းချစ်ဖို့ကောင်းတယ်။”

"ကိုလင်းကလည်း ချစ်ဖို့ကောင်းပါတယ်။
ဒါပေမယ့် နွေ့ကို ပစ်မသွားရဘူးနော်”

သြော် ကိုအောင်မိုးက တော်တော်
မိန်းမကျမ်းကျေတာပဲ။နွေဦးပြောလာမယ့်စကားတွေကို သူက ကြိုခန့်မှန်းထားပြီးသား။

များမကြာခင်အချိန်မှာ အထိအတွေ့ကို ပြန်တောင့်တလာပြီး သောက်လေသောက်လေ ငတ်မပြေသည့် ကာမပင်လယ်ထဲ ကမူးရှူးထိုး ပြေးဆင်းပစ်လိုက်သည်။
အခန်းထဲမှာတော့
နူးညံ့တဲ့အမိန့်တော်သီချင်းဟာ လွင့်လူးပျံဝဲနေပါရော့လား…

"ကိုအောင်မိုး … ကွိုင်ကြီးနဲ့က သိပ်မမိုက်ဘူးဗျ။အခြားနည်းလေးမရှိဘူးလား။”

"Ecee 2တိုက်ကွာ။အဲ့ဒါနဲ့ဆို မင်း
freeကြိတ်လို့ရတယ်။”

"စိတ်ချရရဲ့လား”

"ဘာလို့ စိတ်မချရမှာလဲ။ငါဆို
အဲ့ဆေးပဲတိုက်တာ။”

မင်းသူက
"100%တော့မဟုတ်ဘူးနော်။
အရေးပေါ်တားဆေးက အရေးပေါ်သုံးရတာ။
တစ်ခါဖြစ်တိုင်း တစ်ခါတိုက်နေရင် မိန်းကလေးကျန်းမာရေးအတွက် ဆိုးကျိုးရှိသလို ကာကွယ်နိုင်စွမ်းကလည်း ကြာလေ
ရာခိုင်နှုံးကျလေပဲ။”

"ယောကျာ်းပဲကွာ။စွန့်မှစားရတာ။စွန့်စားစမ်းပါ။မင်းဘာကြောက်နေတာလဲ။”
ကိုအောင်မိုးက မြှောက်ပေးသလောက် မင်းသူက တွင်တွင်သာ တားဆီးနေတော့သည်။

"မတော်တဆ ဆိုတာပြောမရဘူးကိုအောင်မိုး။ကိုယ့်ဘက်က အဆင်သင့်မဖြစ်ခင်မှာ
ထိန်းသိမ်းနိုင်တာ အကောင်းဆုံးပဲ။”

°°°°°°°°°°°°°°°°°°°°°°°°
လေးငါးကြိမ် အတူနေပြီးချိန်မှာ ကျနော့်ဘက်က လိုလားစိတ်တွေ လျော့ကျလာသည်။
နွေဦးကတော့ စွဲလန်းစိတ်တွေ တရစ်ထက်တရစ်မြင့်လာသည်။

မင်းသူကိုမေးကြည့်ဖူးသည်။
ယောကျာ်းနဲ့ မိန်းမမှာ လိင်ဆက်ဆံတဲ့အခါ ဘာကြောင့်များ မိန်းကလေးတွေက သာယာမှုပိုရတာလဲလို့။

"ငါကြားဖူးတာပြောရရင်
တို့ယောကျာ်းတွေက external organကွ။
အထိအတွေ့တွေကို နေရင်းထိုင်ရင်း ကြုံနေရတာ။သိပ်ပြီး sensitiveမဖြစ်ဘူး။
မိန်းမကျတော့ internal organလေ။
အထိအတွေ့နည်းလေ အဲ့ဒိနေရာက
sensitiveဖြစ်လေပဲ။
အာရုံခံစားမှုပိုမြင့်တဲ့သဘောပေါ့။

ယောကျာ်းလေး အားလုံးနည်းပါးက တစ်ကိုယ်ရေ အာသာဖြေကြပေမယ့် မြန်မာ မိန်းကလေး အများစုက အာသာဖြေလေ့မရှိဘူး။
ဒီအဝင်အထွက်အရသာက သူတို့အတွက်
တကယ့်အထူးအဆန်း။တကယ့်အရသာသစ်။
ကြုံတာများတော့လည်း မက်မောမှု
ကျလာတာပါပဲ။ဒါသဘာဝပဲလေ။
မင်းလည်း အချိန်တန်ရင် ရမ္မက်တွေ ရိုးလာလိမ့်မယ်။အချိန်ကြာလို့မှ ရမ္မက်တွေရိုးပြီး အချစ်တွေတိုးမလာရင် မင်းနဲ့ အကြိမ်များစွာ အတူနေတဲ့ မိန်းမကို မင်းလက်ထပ်လို့စိတ်
နည်းလာလိမ့်မယ်။”

မင်းသူရဲ့ဟောကိန်းကို အစတုန်းက မယုံခဲ့ပေမယ့် အခုတော့ ယုံချင်သလိုဖြစ်လာသည်။
ယောကျာ်းလေး သဘာဝကို သဘောမပေါက်သော နွေဦးကတော့ ကျနော့်သူ့ကို
ပိုချစ်လာသည်ဟု ထင်နေပုံပဲ။
လိုချင်ခဲ့တုန်းကတော့ သူရစ်သမျှ ဂျီသမျှကို သည်းခံနိုင်ခဲ့သည်။အခုတော့ သူရစ်လျှင် ကျနော်စိတ်ပျက်သည်။မိန်းမမို့ မိန်းမပီပီ မာနနှင့်
ပြတ်စကား ခဏခဏပြောသည်။
ကျနော့်ဆန္ဒသက်သက်အရဆို ပြတ်ချင်ပြီ။
ကျနော်အသစ်လိုချင်လာသည်။ဒါပေမယ့် နွေဦးရဲ့ပြတ်စကားက ရင်ထဲကမပါမှန်း ကျနော်သိနေသလို ကျနော့်ကို သိပ်စွဲလန်းနေမှန်း ကျနော်သိတာမို့ ပြတ်တယ်ပြောဖို့
ကျနော်အားနာရသည်။

ကိုအောင်မိုးကတော့
"မလိုချင်တော့ရင် ဝဲပစ်လေကွာ။
ဘာတွေစိတ်ပူနေတာလဲ။တစ်လမပြည့်ခင်
နောက်ဘဲရသွားလိမ့်မယ်။
သစ်စိမ်းချိုးတော့ မချိုးနဲ့။သွေးအေးအေးနဲ့ ခပ်ရှောင်ရှောင်နေလိုက်။မင်းကို သူစိတ်ပျက်လာလိမ့်မယ်။”

(နွေဦး)
သွေးသားဆန္ဒကို လိုက်လျောခဲ့မိခြင်းဟာ
ကျမဘဝရဲ့ အဆိုးဆုံးမှားယွင်းမှုပါပဲ။
ချစ်လို့ လိုက်လျောတာပါလို့ ကျမကိုကျမ
ဘယ်လိုဖြေသိမ့်မိလည်း ဒါဟာ ရမ္မက်နွံကို
ကျွံခဲ့ခြင်းတစ်ခုပါ။အတွေ့အထိက ကျမရဲ့ ပိုင်းခြားနိုင်တဲ့ ဉာဏ်ပညာကို ကျော်လွန်ပြီး
ဆန္ဒရမ္မက်ဘက်ကိုသာ ဦးစားပေးခဲ့မိသည်။
ကိုလင်းရဲ့ အထိအတွေ့၊အယုအယမှာ သာယာခဲ့ချိန်တုန်းက ကျမကမ္ဘာမှာ သူရှိရင် ပြည့်စုံပြီဟု မှတ်ယူခဲ့သည်။ယုံကြည်ခဲ့သည်။
မျှော်လင့်ချက်တွေ သူ့အပေါ်ပုံထားခဲ့သည်။
အတူနေတာ တစ်နှစ်နီးပါးကြာတဲ့အခါ
ကိုလင်း ပြောင်းလဲလာသည်။
ကျမအပေါ် သည်းခံမှု၊လိုက်လျောမှုတွေ
ကျဆင်းလာသည်။ဒီရက်ပိုင်းအတွင်းလည်း ရှောင်ဖယ်ရှောင်ဖယ်လုပ်လာသည်။
အကယ်၍ ကိုယ်ဝန်ကိစ္စသာ ပေါ်မလာပါက ကျမသူ့ကို စိန်ခေါ်ပြီး ဖြတ်ပစ်လိုက်မှာ။
ကျမမှာလည်း မာနနဲ့ပါပဲ။
ဒါပေမယ့် ကိုယ်ဝန်ရှိပြီလို့ ကျမသိလိုက်ချိန်မှာ ကျမအကြီးအကျယ်တုန်လှုပ်သွားသည်။
ကိုယ့်ကို မလိုချင်တော့တဲ့ အရိပ်အယောင်ပြနေသူကို ကိုယ်ဝန်ရှိနေပြီဆိုတဲ့စကားကို
ကျမဘယ်လိုပြောရမလဲ။
မတတ်နိုင်တော့။သူမှလွဲ၍ ကျမရဲ့ ဗိုက်ပြဿနာကို ဖြေရှင်းပေးမည့်သူရှိနိုင်မည်မဟုတ်။

ကျမ ကိုလင်းဆီဖုန်းခေါ်တဲ့အခါ
သုံးခါလောက်ခေါ်မှ သူကိုင်သည်။

"နွေ… ဘာပြောမလို့လဲ”

"အပြင်မှာပြောချင်တယ်ကိုလင်း…
အရေးကြီးလို့”

"ဖုန်းနဲ့ပြောလို့မရဘူးလား”

"မရဘူးကိုလင်း …
အဲ့ဒါကို ပြောဖို့အင်အားက ကိုလင်းမျက်နှာကို မြင်မှ ရမှာ။”

"အင်းလေ… အဲ့ဒါဆိုမနက်ဖြန်တွေ့မယ်လေ”

ကျေးဇူးပါကိုလင်းရယ်။စိမ်းကားနေပြီဖြစ်တဲ့ ကိုလင်းဟာ မရက်စက်တတ်သူမို့ ပေါ့။
မနက်ဖြန်အတွက်စကားတွေပြင်ဆင်ရင်း
ဒီညမှ နွေအိပ်ဖို့ ခက်ခဲနေခဲ့တယ်။

(လင်းအောင်)
ထိတ်လန့်ခြင်းကြောင့် ကျနော့်မျက်နှာ
ပုံပျက်သွားလေသလား။နွေကတော့
ခေါင်းငုံ့ကာ ငိုနေရှာသည်။
ကျနော်ဘာလုပ်ရမှာလဲ။
နွေ့ကို လည်းသနားသည်။

"မကြောက်နဲ့နွေ… ကိုလင်းအကောင်းဆုံး အဖြေတစ်ခုပေးမယ်။ဒီညဖုန်းခေါ်လိုက်မယ် နော်။”

•••••••••••
"ဖျက်ချမလား။ငါ့မှာ ချိတ်တွေရှိတယ်။”

"ကောင်းပါ့မလား ကိုအောင်မိုးရယ်။”

"မင်းက အခုယူနိုင်လို့လား။ဒါမင်းတို့
ကြိတ်ဖြေရှင်းရမယ့်ဟာကွ”

"တော်သင့်ပြီကိုအောင်မိုး…
လင်းအောင်ကို အစ်ကိုတကယ်ခင်မှန်းကျနော်ယုံတယ်။ဒါပေမယ့် ဒီကောင့်ကို လူမိုက်ဘဝကနေ လူယုတ်မာမလုပ်ခိုင်းနဲ့တော့။”

ကိုအောင်မိုး ငိုင်ကျသွားသည်။တကယ်တော့ ကိုအောင်မိုးဆိုတာ သိပ်သဘောကောင်းတဲ့ယ အစ်ကိုသူငယ်ချင်းပါ။ခံယူချက်လေးနိမ့်ကျတာကလွဲရင်ပေါ့။အခုမင်းသူက ကျနော့်ကို
ဝင်ပြောလေပြီ။

"ငါမတားခဲ့ဘူးလားလင်းအောင်။မရသင့်သေးတဲ့ အခွင့်အရေးကို မယူနဲ့ဦးလို့ ငါမတားခဲ့ဘူးလား။မင်းတို့ ခဏတာသာယာခဲ့တာက အခုတော့ ဘဝနဲ့ဆိုင်တဲ့ ပြဿနာဖြစ်ပြီ။
မင်းတာဝန်ယူရုံအပြင် အခြားမရှိဘူး။
ကလေးလည်း ဖျက်ချမနေနဲ့။
မင်းနွေဦးကို တကယ်ချစ်ချစ်မချစ်ချစ်…
ဒီအချိန်မှာ မင်းနွေဦးကိုငဲ့တော့။”

"ငါ… ”

ကျနော်စိတ်ဓာတ်အကြီးအကျယ်ကျနေသည်။
ကျနော့်မိဘနဲ့လည်း ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးသလို နွေဦးမိဘနဲ့လည်း ရင်ဆိုင်ဖို့မရဲ။
အိမ်ထောင့်တာဝန်ယူဖို့လည်း ကျနော့်ကို
ကျနော်ယုံကြည်မှုမရှိ။သူရဲဘောကြောင်စွာ
ထွက်ပြေးလိုက်ချင်သည်။

ကျနော်မိုက်မဲခဲ့သည်။အခုထပ်ပြီး
ယုတ်မာရဦးမည်လား။

မင်းသူက ကျနော့်ပုခုံးကို ပုတ်၍
" ငါမင်းကို လူညံ့တစ်ယောက်လိုပဲ
အပြစ်တင်မယ်သူငယ်ချင်း။
လူယုတ်မာတစ်ယောက်လိုမရွံရှာချင်ဘူး။
မင်းက အရွယ်ရောက်သူတစ်ယောက်ရဲ့ အခွင့်အရေးကိုယူခဲ့ပြီးပြီပဲ။ အရွယ်ရောက်သူ
တစ်ယောက်လို တာဝန်ယူတော့သူငယ်ချင်း။
ငါကူညီနိုင်တာမှန်သမျှ အပြည့်အဝကူညီမယ်။”

************
မေမေက ငိုရှိုက်နေပြီး ဖေဖေက
မာကျောတိတ်ဆိတ်နေသည်။

"မင်းဘာလုပ်မှာလဲ”

"သားဘလုပ်သင့်လဲဖေဖေ”

"ငါ့ကိုဘာလုပ်သင့်လဲလာမမေးနဲ့။
မင်းဘာကို ရွေးချယ်မလဲ ငါ့ကိုပြော”

မှားခဲ့သူမို့ သိမ်ငယ်ကြောက်ရနေရသူပါ။
ဘယ်အဖြေကို ဖေဖေလိုချင်နေမှန်း ကျနော်မသိ။အဖြစ်သင့်ဆုံးကို ကျနော် ရဲရင့်ရွေးချယ်လိုက်သည်။
"သားသူ့ကို လက်ထပ်မယ်”

"ဒါပဲလုပ်စရာရှိတာကို မင်းက
ဘာရွေးချယ်ချင်သေးလို့လဲ။
မင်းမှားခဲ့တယ်။ငါမင်းကို အပြစ်တင်မယ်။
ဒါပေမယ့် လူယုတ်မာတစ်ယောက်လို ငါ့သားကိုငါ မရွံချင်ဘူး။ဟုတ်ပြီ မင်းဆုံးဖြတ်ချက်ငါ လက်ခံပြီ။မင်းဘယ်မှာ နေမလဲ။
ဘာလုပ်စားမလဲ။”

"သား မတွေးရသေးဘူး။”

"ကောင်းတယ်။ပွင့်ပွင့်လင်းလင်းပဲဖြေ။
အခုမင်းအိမ်ထောင်တစ်ခုထူတော့မယ်။
မင်းမယားကို မင်းလုပ်ကျွေးရမယ်။
သိပ်မကြာခင် ကလေးအဖေဖြစ်မယ်။
မင်းညံ့ရင် မင်းရောမင်းမယားရော ငတ်မယ်။
မင်းငတ်တာပြဿနာမဟုတ်ဘူး။
ဒါကိုယ့်လုပ်ရပ်ကိုယ်တာဝန်ယူတာ။
အေး မင်းမယားပါငတ်ရင် ငါ့မှာ တာဝန်ရှိပြီ။

ဒီမှာ ငါ့သား။မင်းအမှားတစ်ခုကို ကျူးလွန်မိရင် အဲ့ဒိအမှားနဲ့ ထိုက်တန်တဲ့ အပြစ်တော့
မင်းခံရမယ်။မင်းက တစ်ဦးတည်းသောသား။
ငါတို့အမွေကို မင်းအပြင်တခြားလူကို
ပေးစရာမရှိဘူး။
မင်းကိုငါ ထပ်မေးမယ်။မင်းအပြစ်အတွက် တာဝန်ယူရဲလား။”

"ဟုတ် ယူရဲတယ်ဖေဖေ။”

"ဟုတ်ပြီ။ဒါဆို ဒီနေ့ကစပြီး မင်းကျောင်းထွက်တော့။အလုပ်ရှာတော့။
မင်းကိုငါ အိမ်ငှါးပေးမယ်။
မင်းအဝတ်အစားတွေမင်းယူသွား။
မင်းက ထမင်းဖိုးရအောင်ရှာ။
အေး မင်းညံ့လို့ ထမင်းငတ်ရင် မင်းတစ်ယောက်ပဲ အငတ်ခံ။မင်းမယားအတွက် ထမင်းဖိုးကို
အိမ်ကလာယူ။တတ်နိုင်သလောက်တော့ မင်းသိက္ခာအတွက် မင်းဘာသာရပ်တည်။
တတ်နိုင်သလောက် ငါ့ဆီက
လက်ဝါးလာမဖြန့်နဲ့။မင်းကို မုန်းလို့၊
ဒေါသထွက်လို့မဟုတ်ဘူး။ကိုယ်စိုက်ပျိုးတာကို ကိုယ်ရိတ်သိမ်းရဲရမယ်။
မနက်ဖြန်မင်း ကောင်မလေး
မိဘအိမ်ကိုသွားမယ်။”

******************
"ရှင်… ဘယ်လို… မိုက်လိုက်တဲ့သမီးရယ်…”

"ကျနော့်ကို နည်းနည်းလောက် ဆွေးနွေးခွင့်ပြုပါ မစံပယ်။”

"ဟုတ်ပြောပါရှင်”

"ဒါကလေးနှစ်ယောက်စလုံးမှားခဲ့တဲ့အမှားပါ။
ဒီအတွက်သူတို့ရဲ့ လုပ်ရပ်အတွက် သူတို့ကို တာဝန်ခံစေချင်တယ်။”

"ဘယ်လိုများလဲရှင်”

"ကျနော် စကားလေးခံထားချင်တယ်။
ဒါကျနော့်ရဲ့ တစ်ဦးတည်းသောသားပါ။
သားရွေးချယ်တဲ့သူကိုလည်း ကျနော့် ချွေးမအဖြစ် အသိအမှတ်ပြုပါတယ်။ကျနော့် ရှိသမျှ ဥစ္စာပစ္စည်းတိုင်းဟာ ဒီသားအတွက်ပဲ။
ဒါပေမယ့်… သူတို့နှစ်ယောက်ကို တစ်နှစ်လောက်တော့ သူတို့ချည်းပဲ ရုန်းကန်စေချင်တယ်။ဒါတာဝန်မဲ့စကားပြောတာမဟုတ်ဘူး။
သူတို့ကို ဒုက္ခရောက်လောက်အောင် ကျနော်ပစ်မထားဘူး။ဘဝရဲ့ အဓိပ္ပါယ်၊ဘဝရဲ့ရုန်းကန်ရမှုလေးကို သူတို့ကို နားလည်စေချင်တာ။
ကြုံတွေစေချင်တာ။ကိုယ့်လုပ်ရပ်နဲ့ ထိုက်တန်တဲ့ တာဝန်ကို ယူစေချင်တာ။ဒီလိုအမှားကို ကျူးလွန်ရင် မိဘတွေ ခွင့်လွှတ်ပါတယ်ကွာဆိုတဲ့ အယူအဆအမှားကို
သူတို့ကိုသိစေချင်တာ။
ထမင်းတစ်နပ်ရဲ့ အခက်အခဲကို
ဖြေရှင်းနိုင်စွမ်းရှိစေချင်တာ။ကျနော့်ကို
နားလည်ပေးနိုင်မယ်ထင်ပါတယ်။”

ဒေါ်စံပယ်တစ်ယောက် ရှိုက်ငို၍သာနေတော့သည်။သမီးဖြစ်သူကို တစ်ချက်ငဲ့ကြည့်ကာ
ဦးအောင်စိုးကို
"ကျမ လက်ခံတယ်။ဦးအောင်စိုးသဘောပါပဲ။”

"ကဲ သမီး … နွေဦး…သမီးတို့ ကျူးလွန်ခဲ့တာ အမှားလို့ လက်ခံလား”

"ဟုတ် လက်ခံပါတယ်ဦး”

"ဒီအတွက် သမီးထိုက်တန်တဲ့ တာဝန်ယူမှုကို ယူပေးနိုင်မလား။”

"ဟုတ်ကဲ့”

"သမီးတို့ကို ဦးအိမ်ငှါးပေးမယ်။ကိုယ့်ဝမ်းတော့ ကိုယ်ကျောင်းပေါ့လေ။
လင်တစ်ယောက်တာဝန်ကို ဦးသားဘက်က မကျေခဲ့ရင် ဦးကိုပြောပါ။
ဦးရဲ့ ပိုင်ဆိုင်သမျှကို သမီးကိုပေးမယ်။
သူနဲ့ ကွာရှင်းပစ်လိုက်။
ဒါဖခင်တစ်ယောက်ရဲ့ တာဝန်ယူမှုပဲသမီး။
သား… မင်း နိုင်သင့်တဲ့ဝန်ကိုပဲ
ဖေဖေထမ်းခိုင်းတာနော်။
ဖေဖေစကားကို ပြတ်ပြတ်သားသား
ရှင်းရှင်းလင်းလင်းပြောခဲ့တယ်။
ဖေဖေ မင်းကို အထင်ကြီးချင်တယ်”

#Error(Sithu)
17.1.2019

ဒီဝတ္ထုတိုလေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးစာလေး ကျနော်ရေးတင်ပါဦးမယ်။

မူရင်းရေးသားသူ = စည်သူ

Comments

Popular posts from this blog

မင်းသာကိုယ့်ညီမလေးဆိုရင်